NStream Terms & Conditions (အသုံးပြုသူ စည်းကမ်းချက်များ)

NStream Platform ကို Entertainment Video များအဓိက တင်ဆက်မျှဝေနိုင်ရန် ရည်ရွယ်ပြီး အထူးတည်ဆောက်ထားသည်။ စည်းကမ်းများ လိုက်နာချင်းမရှိပါက သတိပေးခြင်း သိုမဟုတ် ချက်ချင်းအကောင့်ဖျက်သိမ်းချင်းခံရမည်။

1. ကျွန်ုပ်တို့ ဘယ်သူလဲ (Who We Are)

NStream သည် Video Hosting ဝန်ဆောင်မှုပေးသည့် Platform တစ်ခုဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် မိမိတို့၏ Video များကို Upload လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ မျှဝေခြင်းများ ပြုလုပ်နိုင်ပါသည်။

2. လုံးဝခွင့်မပြုသော Content များ (Strictly Prohibited Content)

အောက်ပါ Content များကို NStream တွင် Upload လုပ်ခွင့် လုံးဝမပြုပါ။ တွေ့ရှိပါက သတိပေးခြင်းမရှိဘဲ ချက်ချင်းဖျက်ပစ်မည်။ Account ပိတ်သိမ်းခြင်းခံရနိုင်ပါသည်။
Child Pornography (ကလေးသူငယ်များပါဝင်သည့် လိင်ပိုင်းဆိုင်ရာ Content အားလုံး)
အကြမ်းဖက်မှုကို အားပေးသည့် Content (Violence incitement)
နိုင်ငံရေး အကြောင်းအရာများ (Myanmar Politics)
အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်သော Content အမုန်းစကားများ၊
လူမျိုးရေးခွဲခြားမှုများ ဤအမျိုးအစား Content များတင်မိပါက သင့် Account ချက်ချင်းပိတ်သွားမည်ဖြစ်ပြီး ပြန်လည်ဖွင့်ပေးမည် မဟုတ်ပါ။

3. Copyright အကြောင်း (Copyright - Gray Zone)

NStream သည် DMCA သို့မဟုတ် အလားတူ Copyright တိုင်ကြားချက်များကို တက်ကြွစွာ မကိုင်တွယ်ပါ။ Copyright မဘန်းပါ။ သို့သော် အကယ်၍ သင်သည် Copyright ပိုင်ရှင်ဖြစ်ပြီး သင့် Content ကို NStream တွင် ခွင့်ပြုချက်မရှိဘဲ တင်ထားသည်ကို တွေ့ရှိပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ဖြင့် ဖြေရှင်းပေးပါမည်။ NStream သည် သုံးစွဲသူများ၏ Content များအတွက် တရားဝင်တာဝန်ယူခြင်း မရှိပါ။

4. ဘေးကင်းရေး (Safety)

အောက်ပါအချက်များကိုလည်း ခွင့်မပြုပါ။
Malware၊ Virus၊ Phishing Link များ
လူကိုယ်တိုင် အန္တရာယ်ပြုရန် ရည်ရွယ်သည့် Content
အခြားသူ၏ Privacy ကိုဖောက်ဖျက်သည့် Content

5. ဒေါင်းလုဒ်ကာကွယ်ရေး (Download Protection)

NStream တွင် Upload လုပ်ထားသော Video များကို Download လုပ်ရန် အလွန်ခက်ခဲအောင် စနစ်တကျ ကာကွယ်ထားပါသည်။ သို့သော် ၁၀၀% Download မရနိုင်ဟု အာမခံချက် မပေးနိုင်ပါ။ ကျွန်ုပ်တို့၏ Download Protection ကိုကျော်လွှားရန် ကြိုးစားခြင်း၊ ပြန်လည် Upload လုပ်ခြင်းများသည် စည်းကမ်းချက်ကို ဖောက်ဖျက်ရာရောက်ပါသည်။

6. ဝန်ဆောင်မှုနှင့် ဖျက်ခြင်း (Service & Deletion)

Video များသည် သင်ရွေးချယ်ထားသော Plan ပေါ်မူတည်၍ သိမ်းဆည်းပေးပါသည်။ Plan သက်တမ်းကုန်ဆုံးပါက သင့် Video များ ဖျက်ပစ်ခြင်းခံရနိုင်ပါသည်။ သင့်ကိုယ်ပိုင် Account မှ ကိုယ်တိုင်လည်း Video များ ဖျက်နိုင်ပါသည်။

7. အကောင့်ပိတ်သိမ်းခြင်း (Account Termination)

အောက်ပါအချက်များ တွေ့ရှိပါက Account ကို သတိပေးခြင်းမရှိဘဲ ချက်ချင်းပိတ်သိမ်းမည်။
Section 2 ပါ Strictly Prohibited Content များတင်ခြင်း
အခြားသူများကို အနှောင့်အယှက်ဖြစ်စေခြင်း
စနစ်ကိုဖျက်ဆီးရန် ကြိုးစားခြင်း
Account ပိတ်သိမ်းခံရပါက ကျန်ငွေများ ပြန်အမ်းခြင်း မရှိပါ။

8. အခကြေးငွေ (Payments)

Plan များအတွက် ကြိုတင်ငွေသွင်းရပါမည်။ ငွေသွင်းပြီးသော်လည်း သုံးစွဲမှုမရှိပါက ပြန်အမ်းခြင်း မရှိပါ။

9. Privacy Policy (ကိုယ်ရေးအချက်အလက်)

သင်၏ ကိုယ်ရေးအချက်အလက်များကို အောက်ပါအတိုင်း ကိုင်တွယ်ပါသည်။
Email နှင့် အခြေခံအချက်အလက်များကိုသာ သိမ်းဆည်းပါသည်။
Password များကို Encrypt လုပ်၍ သိမ်းဆည်းပါသည်။
သင့် Video များကို အခြားသူများနှင့် မျှဝေခြင်းမရှိပါ။

10. ပြောင်းလဲမှုများ (Changes to Terms)

ကျွန်ုပ်တို့သည် ဤ Terms & Conditions ကို အချိန်မရွေး ပြင်ဆင်နိုင်ပါသည်။ ပြင်ဆင်ပါက Website တွင် အကြောင်းကြားပါမည်။ ဆက်လက်အသုံးပြုခြင်းသည် စည်းကမ်းချက်အသစ်ကို လက်ခံသည်ဟု မှတ်ယူပါမည်။

11. ဆက်သွယ်ရန် (Contact Us)

မေးခွန်းများ၊ သို့မဟုတ် အကူအညီလိုအပ်ပါက အောက်ပါနေရာများတွင် ဆက်သွယ်နိုင်ပါသည်။
Email: [email protected]
Facebook Page: NStream - Video Streaming Platform
Copyright တိုင်ကြားချက်များအတွက်လည်း အထက်ပါ Email ကို ဆက်သွယ်နိုင်ပါသည်။

Copyright 2026 NStream